အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ နွေရာသီအခြေခံ အားကစားနည်း(၁၁)နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ၂၀၂၂ခုနှစ် နွေရာသီအခြေခံအားကစားနည်း (၁၁) နည်း သင်တန်းဆင်းပွဲအခမ်းအနားကို (၆.၄.၂၀၂၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင် တန်း သား/သူတက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ဝန်ကြီးချုပ်မှ သင်တန်းဆင်းအမှာစကားပြောခဲ့ပြီးနောက် အားကစားနည်း(၁၁)နည်းမှ နည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃၇)သိန်း ချီးမြှင့်ပါသည်။ ထိုနောက် တရားသူကြီးချုပ်မှ သင်တန်းသား/သူများအား သင်တန်း ဆင်း လက်မှတ်ပေးအပ်ခဲ့ပြီး ကရာတေးဒို၊ မြန်မာ့သိုင်းနှင့် Fitness Dance တို့မှ သင်တန်းသား/သူများကသရုပ်ပြသခဲ့ပြီးအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

နွေရာသီအ‌ခြေခံအားကစားသင်တန်းကို အားကစားနည်း(၁၁)နည်း (ဘောလုံး၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ တင်းနစ်၊စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ရိုးရာခြင်း၊ ကရာတေးဒို၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ Fithess Dance)ဖြင့်(၂၂.၃.၂၀၂၂)ရက်နေ့မှ(၅.၄.၂၀၂၂)ရက်နေ့ထိ သက်ဆိုင်ရာနေရာများတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား(၅၆၂)ဦး၊ သင်တန်းသူ (၂၀၈)‌ဦး၊ စုစုပေါင်း(၉၇၀)‌ဦး တက်ရောက်သင်ကြားခဲ့ပါသည်။