အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ မတ်(၇)။             

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊  ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်း/အမှုထမ်း များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အားကစား နှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်ရေးရာ ဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်း/ အမှုထမ်းများမှ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မိမိတို့ရုံးချုပ်အနေဖြင့် မူဝါဒများ မဟာဗျူဟာစီမံချက်များကို ရေးဆွဲပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဝန်ထမ်းများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်ရေးရာမူဝါဒများနှင့် မဟာဗျူဟာစီမံချက်များ ရေးဆွဲရာတွင် အတွေ့အကြုံရှိပြီး လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သော ဝန်ထမ်း(၇)ဦးကို လူငယ်ရေးရာဦးစီးဌာနသို့ တာဝန်လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း၊ လူငယ် ရေးရာမူဝါဒများကို အခြေခံပြီး မဟာဗျူဟာစီမံချက်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရာ၌ လူငယ်ရေးရာကော်မတီသည်လည်း မပါမဖြစ်ဖွဲ့စည်းရန် လိုအပ်ပါကြောင်း၊ ယခင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူငယ်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော ကော်မတီရှိ အဖွဲ့ဝင်(၃)ပုံ (၂)ပုံခန့်သည် လက်ရှိတွင် ဆက်သွယ်ဆောင်ရွက်ခြင်းမရှိပါသဖြင့် လူငယ်ရေးရာ ကော်မတီကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းသင့်ပါကြောင်း၊ အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကဏ္ဍသည် ဆက်စပ်လျက်ရှိသောကြောင့် ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းမှာ ဗဟိုချက်လုပ်ငန်းတစ်ခုအဖြစ် ပါဝင်ပြီး အာဆီယံလူငယ်ရေးရာဝန်ကြီးများအဆင့် အစည်းအဝေး (AMMY) နှင့် အာဆီယံ လူငယ်ရေးရာအဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး (SOMY) ဟူ၍ Level (၂)မျိုးဖြင့် ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ကြေးပေးသွင်းရမည်ဖြစ်သောကြောင့် ဘတ်ဂျတ်တွင် ထည့်သွင်း ရေးဆွဲရန်လိုအပ်ပါကြောင်း၊ တာဝန်လွှဲပြောင်းထမ်းဆောင်မည့် ဝန်ထမ်းများကိုလည်း လူမှုဝန်ထမ်း ဦးစီးဌာနကို မိခင်ဌာနဟူ၍ မသတ်မှတ်ဘဲ ဝန်ကြီးဌာနအချင်းချင်း ညီအစ်ကိုမောင်နှမသဖွယ် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သောကြောင့် မိမိတို့ ယခုရောက်ရှိသည့် ဌာနတွင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးကြရန် ပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခင်က အားကစားဝန်ကြီးဌာနဟူ၍ ရှိခဲ့ပြီး ယခုအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပုံ အသစ်ခန့်အပ်တာဝန်ပေးခဲ့ပြီး အားကစားကဏ္ဍနှင့်လူငယ်ရေးရာကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်သောကြောင့် ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ယူရမည့် နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာသည်ဆက်စပ်လျက်ရှိပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ရာတွင် လူငယ်များသည် တစ်တပ်တစ်အားပါဝင်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် တွင် SOMY ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်သောကြောင့် ယခု ရောက်ရှိလာသော ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးကြရန် ပြောကြားလိုကြောင်း၊ လူငယ်ရေးရာဦးစီးဌာနကို အရာထမ်း(၂၅)ဦး၊ အမှုထမ်း (၁၇၃)ဦး စုစုပေါင်းဝန်ထမ်း (၁၉၈)ဦးဖြင့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ရုံးခန်းနေရာကိုလည်း စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း(၇)ဦးအတွက် အိမ်ခန်းနေရာ အခက်အခဲမရှိစေရေး Gold Camp တွင် နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ညီအစ်ကိုမောင်နှမသဖွယ် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက တင်ပြနိုင်ပါကြောင်း ပြောကြားခဲ့ပြီး ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် ဝန်ထမ်း(၇)ဦးအား ဒုတိယဝန်ကြီးမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။