အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ်(၇)ရက်။                 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) Call ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် အရာထမ်း/အမှုထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည့် အရာထမ်း/ အမှုထမ်းများမှ တစ်ဦးချင်းမိတ်ဆက်ဂါရဝပြု ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာသည် ဆက်စပ်လျက်ရှိပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် လူငယ်များသည် တစ်တပ်တစ်အားပါဝင်လျက်ရှိပါကြောင်း၊ လူငယ်များသည် အနာဂတ် နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်းတာဝန်ယူကြရမည့်သူများဖြစ်ရာ ယနေ့ လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးရန်အရေးကြီးကြောင်း၊ လူငယ်ရေးရာဦးစီးဌာနကို အရာထမ်း(၂၅)ဦး၊ အမှုထမ်း (၁၇၃)ဦး စုစုပေါင်းဝန်ထမ်း(၁၉၈)ဦးဖြင့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ရုံးခန်းနေရာများကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ညီအစ်ကိုမောင်နှမသဖွယ် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် နေထိုင်သွားလာရေးတွင် အခက်အခဲများရှိပါက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။