အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အားကစားသမားများအား အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဗီယက်နမ်နိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ Mr.Binh Dinh Nguyen(SEAVF) နှင့် နည်းပြများဖြစ်သော Mrs.Kim Thuy Mai (Training Leader) ၊ Mr. Nguyen Hong Qui ၊ Nguyen Thi Hoai Nuong ၊ Mr. Tran Ngoc Nam(Fighting Trainer) နှင့် Staff Team တို့မှ Online ဖြင့် သင်ကြားလေ့ကျင့်ပေးမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

အဆိုပါ Online Training ကို နံနက်ပိုင်းတွင် (၈)နာရီ မှ (၁၀)နာရီအထိ နှင့် မွန်းလွဲပိုင်းတွင် (၂)နာရီ မှ (၄)နာရီအထိ တစ်ရက်လျှင် (၂)ကြိမ် Training ကာလအဖြစ် (၁၇.၂.၂၀၂၂)ရက်နေ့မှ (၄.၃.၂၀၂၂)ရက်နေ့အထိ (၁၃)ရက်ကြာ ပြုလုပ်ဆောင်ရွက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို အားကစားအဖွဲ့မှ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ Fitness & GYM Center တွင် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများနှင့် တွေ့ဆုံကာ ၎င်းတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall အနောက်ဘက်၌ အားကစားနှင့်ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် ပေ(၄၇၀) (၈)လက်မ အဝီစိတွင်း ရေအောင်ပြီး ရေကြောတွေ့ရှိ တူးဖော်ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့် လျက်ရှိသော အားကစားသမားများနှင့် ဝန်ထမ်းအိမ်ယာများတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး) မှ ဖြန့်ဖြူးပေးဝေသည့် ရေများဖြင့် သုံးစွဲဆောင်ရွက် လျက်ရှိရာ ယခုလို အဝီစိတွင်းတူးဖော်ခြင်းဖြင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)မှ အကြောင်းတစ်စုံတစ်ရာကြောင့် ရေပြတ်တောက်မှု ပြဿနာများ ကြုံတွေ့ခဲ့ပါက ရေများအဆင်ပြေစွာ ဆက်လက်ပေးဝေနိုင်ရေးအတွက် ပေ(၄၇၀) (၈)လက်မ အဝီစိတွင်းအား ဦးစီးဌာန အစီအစဉ်ဖြင့် တူးဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။