အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနားတွင် ကျရာကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၅)ရက်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကျရာကဏ္ဍမှပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကျရာကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို အထူးပင်ဂုဏ်ပြုပါကြောင်း၊ ယခုကဲ့သို့ အခမ်းအနားမျိုး ထပ်မံကျင်းပရန်ရှိပါကလည်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ ပွဲတော် အခမ်းအနားတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကျရာကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် အားကစားကွင်းနှင့်အားကစားရုံဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်း (၃၂၁)ဦးတို့ကို ဝန်ကြီးဌာန ကိုယ်စား ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အလားတူ ပြည်ထောင်စုနေ့ ချီတက်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုစစ်ရေးပြတပ်ခွဲမှ ပါဝင်ချီတက်ခဲ့ကြသော ဝန်ထမ်း (၁၆၅)ဦးကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ထို့အပြင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်‌ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ မှ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ဧည့်ခံကြိုဆို ကျွေးမွေးရေးဆောင်ရွက်ခဲ့ကြသော အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂)နှင့် အခြားဌာနခွဲများမှ ဝန်ထမ်း (၉၀) ဦးတို့ကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ သို့ဖြစ်ပါ၍ အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ဆန် (၆၄)အိတ် (၁၈)ပြည်၊ ဆီ (၂၅၉) ပိဿာ၊ ကုလားပဲ (၁၅၅) ပိဿာ (၄၀) ကျပ်သား၊ စုစုပေါင်းကုန်ကျငွေတန်ဖိုး (၅၁,၈ဝ,ဝဝဝိ/-) ကျပ်အား ဝန်ထမ်း (၅၁၈)ဦးတို့ကို အချိုးကျထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။