အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီလ(၃)ရက်။

ပြည်သူလူထုအတွင်း အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အလားအလာရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် စက်ဘီးအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး မီတာ(၅၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ(၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ(၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး (၉)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ၊ အမျိုးသား (၁၅)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

အမျိုးသမီး မီတာ(၅၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ မစိုးစန္ဒာဝင်း (တနင်္သာရီ)၊ ဒုတိယ မဖူးပွင့်ချို (မကွေး)နှင့် တတိယ မကေဇင်ဖြိုး (တနင်္သာရီ)တို့မှလည်းကောင်း၊

အမျိုးသား မီတာ(၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ မောင်ရှိုင်းထက်အောင် (မန္တလေး)၊ ဒုတိယ မောင်ထိန်လင်းအောင် (မန္တလေး)နှင့် တတိယ မောင်ကောင်းထက်လင်း (ဧရာဝတီ)တို့မှလည်းကောင်း၊

အမျိုးသမီး မီတာ(၃၀၀၀) တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ မမိုးမိုးကြည် (တနင်္သာရီ)၊ ဒုတိယ မမိုးအိဖြူ (ဧရာဝတီ)နှင့် တတိယ မဝေဝေထွန်း (ဧရာဝတီ)တို့မှလည်းကောင်း၊

အမျိုးသား မီတာ(၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ မောင်ရှိုင်းထက်အောင် (မန္တလေး)၊ ဒုတိယ မောင်ဘုန်းပြည့်စိုး (ဧရာဝတီ)နှင့် တတိယ မောင်စိုးဝေလင်း (မန္တလေး) တို့မှလည်းကောင်း၊

အမျိုးသမီး (၉)ကီလိုမီတာ နောက်ကျန်ထွက် ပြိုင်ပွဲတွင် ပထမ မမိုးမိုးကြည် (တနင်္သာရီ)၊ ဒုတိယ မသဲစုမောင် (ဧရာဝတီ)နှင့် တတိယ မဝေဝေထွန်း (ဧရာဝတီ)တို့မှလည်းကောင်း၊

အမျိုးသား (၁၅)ကီလိုမီတာ နောက်ကျန်ထွက် ပြိုင်ပွဲတွင် ပထမ မောင်ဘုန်းပြည့်စိုး (ဧရာဝတီ)၊ ဒုတိယ မောင်တင်ကိုဝင်း (ဧရာဝတီ)နှင့် တတိယ မောင်ထိန်လင်းအောင် (မန္တလေး)တို့မှလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။

(၄.၂.၂၀၂၂)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲ နှင့် အမျိုးသား (၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် စီးနင်းကြမည် ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ (၅၀)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲကို (၃.၂.၂၀၂၂)ရက်နေ့မှ (၄.၂.၂၀၂၂)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း (၁၁)သင်း၊ အမျိုးသား ပြိုင်ပွဲဝင်အသင်း (၁၀) သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း (၉)သင်း၊ အားကစားသမား အမျိုးသား (၄၈)ဦး၊ အားကစားသမား အမျိုးသမီး (၃၇)ဦး၊ စုစုပေါင်း အားကစားသမားအင်အား (၈၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး စက်ဘီးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။