အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ ပြည်နယ်နှင့်တိုင်းဒေသကြီး ပေါင်းစုံ အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၂၆)ရက်။

မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက် (၆:၃၀)အချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် မီတာ(၅၀၀၀) (အမျိုးသမီး) လမ်းလျှောက်၊ (အမျိုးသမီး) အလျားခုန်၊ (အမျိုးသား) သံလုံးပစ်၊ (အမျိုးသား) တုတ်ထောက်ခုန်၊ (အမျိုးသမီး) သံပြားဝိုင်းပစ်၊ (အမျိုးသား) အလျားခုန်၊ (အမျိုးသား/အမျိုးသမီး) မီတာ(၄၀၀) တန်းကျော်၊ (အမျိုးသား/အမျိုးသမီး) မီတာ(၂၀၀)အပြေး၊ (အမျိုးသား/အမျိုးသမီး) မီတာ(၂၀၀၀) တားဆီးကျော်၊ (အမျိုးသား+အမျိုးသမီး) မီတာ(၄၀၀x၄) လက်ဆင့်ကမ်း၊ (အမျိုးသား/အမျိုးသမီး) မီတာ(၈၀၀)အပြေး ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော သွယ်ဇင်နိုး (စစ်ကိုင်းတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော သွန်းနန္ဒာမြင့် (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော အေးမြသွယ် (စစ်ကိုင်းတိုင်းဒေသကြီး)တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ထက်လင်းဦး (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွား သော အောင်ရတနာသီရိမောင် (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော သန်းပြည့်ထက် (ဧရာဝတီတိုင်းဒေသကြီး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ (အမျိုးသမီး) အလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ပိုးခတ္တာနိုင် (တနင်္သာရီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော မြတ်နိုးသူ (တနင်္သာရီတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော အိအိဖြိုး (ဧရာဝတီတိုင်းဒေသကြီး)တို့အား အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှလည်းကောင်း၊ (အမျိုးသမီး) မီတာ(၅၀၀၀) လမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ထက်ထက်ခိုင် (ရှမ်းပြည်နယ်)၊ ဒုတိယဆုရရှိသွားသော ဇာခြည်သင်း(ရှမ်းပြည်နယ်)၊ တတိယဆုရရှိသွားသော ဇင်ဝေလှိုင် (ပဲခူးတိုင်းဒေသကြီး)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ထူးအောင်မှလည်းကောင်း၊ (အမျိုးသား) တုတ်ထောက်ခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မင်းသက်ပိုင် (ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိ သွားသော ပြည့်စုံဖြိုး (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော ဝေဇော်မိုး (မကွေးတိုင်း ဒေသကြီး)တို့အားလည်းကောင်း၊ (အမျိုးသား) အလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ဝင်းဇော်ထွန်း (တနင်္သာရီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော ဝင်းမိုးအောင် (ပဲခူးတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော အောင်ဇင်ထက် (စစ်ကိုင်းတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ (အမျိုးသမီး) မီတာ(၄၀၀) တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမဆုရရှိသွားသော သန်းသန်းစိုး (တနင်္သာရီ တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော နန်းရွှေရည် (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆု ရရှိသွားသော ဖူးပြည့်ဇော် (ပဲခူးတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ (အမျိုးသား) မီတာ(၄၀၀) တန်းကျော်ပြေးပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရှိုင်းဇော်ဘို (တနင်္သာရီတိုင်းဒေသကြီး)၊ ဒုတိယဆု ရရှိသွားသော ရဲဇော်ထွေး (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော ပိုင်စွမ်းဟိန်း (စစ်ကိုင်း တိုင်းဒေသကြီး)တို့အားလည်းကောင်း၊ (အမျိုးသမီး) မီတာ(၂၀၀)ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော နွေဦးခိုင် (တနင်္သာရီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော ကေဇင်ဖြိုး (တနင်္သာရီတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော လီမာပိုး (စစ်ကိုင်းတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ (အမျိုးသား+ အမျိုးသမီး) မီတာ (၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော တနင်္သာရီတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ တတိယဆု ရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့အားလည်းကောင်း၊ (အမျိုးသမီး) မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုရရှိ သွားသော အိမ့်မှူးမြတ် (တနင်္သာရီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော စုပိုပိုထွန်း (ဧရာဝတီ တိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော နန်းနုရွှေ (ရှမ်းပြည်နယ်)တို့အားလည်းကောင်း၊ (အမျိုးသား) မီတာ(၈၀၀)ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော အောင်ဇော်ထွန်း (တနင်္သာရီတိုင်း ဒေသကြီး)၊ ဒုတိယဆုရရှိသွားသော ရန်ပိုင်(ပဲခူးတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော ဟိန်းထက်အောင် (မန္တလေးတိုင်းဒေသကြီး)၊ (အမျိုးသား) မီတာ(၂၀၀)ပြိုင်ပွဲတွင် ပထမဆုရရှိ သွားသော ကောင်းထက်ဇော် (တနင်္သာရီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော ညီညီခိုင် (တနင်္သာရီတိုင်းဒေသကြီး)၊ တတိယဆုရရှိသွားသော အောင်ဇင်ထိုက် (စစ်ကိုင်းတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ (အမျိုးသမီး) မီတာ(၂၀၀၀) တားဆီးကျော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော နှင်းနှင်း (ရှမ်းပြည်နယ်)၊ ဒုတိယဆုရရှိသွားသော ငွေယမင်းသူ (တနင်္သာရီတိုင်းဒေသကြီး)၊ တတိယဆု ရရှိသွားသော ချစ်စုမာ (ပဲခူးတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ (အမျိုးသား) မီတာ(၂၀၀၀) တားဆီးကျော်ပြေးပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ဇွဲထက်အောင် (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသွားသော မင်းကိုကို (ကရင်ပြည်နယ်)၊ တတိယဆုရရှိသွားသော စကူး (စစ်ကိုင်းတိုင်း ဒေသကြီး)တို့အား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ (အမျိုးသား) အလျားခုန်ပြိုင်ပွဲတွင် ၂၀၁၄ ခုနှစ်တွင် ဖြိုးဝေထက် (စစ်ကိုင်းတိုင်းဒေသကြီး)မှ စံချိန်တင်ထားသော (၆.၅၀)မီတာ စံချိန်ဟောင်းကို ဝင်းဇော်ထွန်း (တနင်္သာရီတိုင်းဒေသကြီး)မှ (၆.၅၆)မီတာဖြင့် စံချိန်သစ်တင်ခဲ့ပါသည်။

(၂၇.၁.၂၀၂၂) ရက်နေ့ နံနက် (၇)နာရီအချိန်မှစတင်၍ သုံးဆင့်ခုန် (အမျိုးသမီး)၊ လှံတံပစ် (အမျိုးသား)၊ သံလုံးပစ် (အမျိုးသမီး)၊ သုံးဆင့်ခုန် (အမျိုးသား)၊ မီတာ (၁၀၀) တန်းကျော် (အမျိုးသမီး)၊ မီတာ (၁၁၀) တန်းကျော် (အမျိုးသား)၊ မီတာ (၁၀၀) (အမျိုးသား/အမျိုးသမီး)၊ မီတာ (၃၀၀၀) (အမျိုးသား/အမျိုးသမီး)၊ မီတာ (၁၀၀x၄) လက်ဆင့်ကမ်း (အမျိုးသား+ အမျိုးသမီး)၊ မီတာ (၄၀၀x၄) လက်ဆင့်ကမ်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများအား ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။