အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီလ(၄)ရက်။

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Sports Complex)ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြေးခုန်ပစ်(အပြေး) (ကျား/မ) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ ၊ ၈၀၀ ပြိုင်ပွဲများအား ကျင်းပပြုလုပ် ခဲ့ရာ အမျိုးသမီး (မီတာ-၁၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး မှ မမေနိုင်းချစ်မှလည်းကောင်း၊ ဒုတိယဆုကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မနှင်းအိမှလည်းကောင်း၊ ပထမဆုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မမေမြတ်နိုင် မှလည်းကောင်း၊ အမျိုးသား (မီတာ-၁၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မောင်အောင်ကျော်မင်း မှ လည်းကောင်း၊ ဒုတိယဆုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မောင်ဟိန်းနောင်နောင်မှလည်းကောင်း၊ ပထမဆုကို ပြည်ထဲရေးဝန်ကြီး ဌာနမှ မောင်သက်ပိုင်ဦး မှလည်းကောင်း ဆုရရှိသူများအား ပထမဆု ကျပ်(၅)သောင်း၊ ဒုတိယဆု ကျပ်(၃သောင်း)နှင့် တတိယဆုကို ကျပ်(၂ သောင်း) စီအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီး (မီတာ-၂၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုကို သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မမာလာ မှလည်းကောင်း၊ ဒုတိယဆုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မအိသက်မွန်မှလည်းကောင်း၊ ပထမဆုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မမြင့်မြင့်စန်းမှလည်းကောင်း၊ အမျိုးသား (မီတာ-၂၀၀) အပြေးပြိုင်ပွဲတွင် တတိယဆု ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ မောင်ဇင်မင်းအောင် မှလည်းကောင်း၊ ဒုတိယဆုကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မောင်ကျော်ဇောဦးမှလည်းကောင်း၊ ပထမဆုကို ပြည်ထဲရေးဝန်ကြီး ဌာနမှ မောင်ရဲထွဋ်ဝင်းမှလည်းကောင်း ဆုရရှိသူများအား ပထမဆု ကျပ်(၅)သောင်း၊ ဒုတိယဆု ကျပ် (၃သောင်း) နှင့် တတိယဆုကို ကျပ်(၂ သောင်း) စီအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသမီး (မီတာ-၄၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ မအိအိမွန်မှလည်းကောင်း၊ ဒုတိယဆုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ မအေးဝတ်ရည်မိုးမှလည်းကောင်း၊ ပထမဆုကို ပြည်ထဲရေးဝန်ကြီးဌာနမှ မဝါဝါရွှေမှလည်းကောင်း၊ အမျိုးသား (မီတာ-၄၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုကို ပညာရေး ဝန်ကြီးဌာနမှ မောင်သက်နိုင်ထွန်း မှလည်းကောင်း၊ ဒုတိယဆုကို ပညာရေးဝန်ကြီးဌာနမှ မောင်ရန်မျိုးအောင် မှလည်းကောင်း၊ ပထမဆုကို ပြည်ထဲရေးဝန်ကြီးဌာနမှ မောင်ထွန်းနေအောင် မှ လည်းကောင်း ဆုရရှိသူများအား ပထမဆု ကျပ်(၅)သောင်း၊ ဒုတိယဆု ကျပ်(၃သောင်း)နှင့် တတိယဆုကို ကျပ်(၂ သောင်း) စီအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယင်းနောက် အမျိုးသမီး (မီတာ-၈၀၀) အပြေးပြိုင်ပွဲတွင် တတိယဆုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ မအေးကြွယ်မျိုးမှလည်းကောင်း၊ ဒုတိယဆုကို ပြည်ထဲရေးဝန်ကြီးဌာနမှ မသီတာဦး မှ လည်းကောင်း၊ ပထမဆုကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မချစ်စုမာမှလည်းကောင်း၊ အမျိုးသား (မီတာ-၈၀၀)အပြေးပြိုင်ပွဲတွင် တတိယဆုကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ မောင်စည်သူထွန်း မှလည်းကောင်း၊ ဒုတိယဆုကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မောင်ခိုင်ရဲမောင်မှ လည်းကောင်း၊ ပထမဆုကို ပြည်ထဲရေးဝန်ကြီးဌာနမှ မောင်မျိုးဝင်းကိုမှလည်းကောင်း ဆုရရှိသူ များအား ပထမဆု ကျပ်(၅)သောင်း၊ ဒုတိယဆု ကျပ်(၃သောင်း)နှင့် တတိယဆုကို ကျပ်(၂ သောင်း) စီအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက် ရှိသော လွန်ဆွဲ(အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ရလဒ်(၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းမှ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ရလဒ်(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ရလဒ်(၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား) ဗိုလ်လုပွဲစဉ် အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ပြည်ထောင်စုရာထူးဝန် အဖွဲ့အသင်းကို ရလဒ်(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အသီးသီးအနိုင်ရရှိမှုများအား ကြည့်ရှု အားပေးခဲ့ပါသည်။

ယင်းနောက် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက် ကျင်းပခဲ့ရာ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ တွင် စတုတ္ထဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ဆုငွေ(၅)သိန်းကျပ်အားလည်းကောင်း၊ တတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်းကို ဆုတံဆိပ်နှင့် ငွေသား ကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းကို ဆုတံဆိပ်နှင့် ငွေသား ကျပ် (၁၅)သိန်းအားလည်းကောင်း၊ ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ဆုတံဆိပ်နှင့် ငွေသား ကျပ်(၂၀)သိန်းအား လည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ တွင် စတုတ္ထဆုရရှိသည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို ဆုငွေ ကျပ်(၅)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို ဆုတံဆိပ်နှင့် ငွေသား ကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ဆုတံဆိပ်နှင့် ငွေသား ကျပ်(၁၅)သိန်းအား လည်းကောင်း၊ ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ဆုတံဆိပ်နှင့် ငွေသား ကျပ်(၂၀)သိန်း ချီးမြှင့်ခဲ့ပါသည်။

ပြီးနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက် ရှိသော ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၅၉) မှတ် (၁၀)မှတ် ဖြင့်လည်းကောင်း၊ ထုပ်ဆီးတိုး (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်း မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အသင်းကို ရမှတ် (၂၃) မှတ် (၁)မှတ်ဖြင့်လည်းကောင်း၊ အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်ပြီး ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ စတုတ္ထဆုရရှိသည့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ဆုငွေ(၅)သိန်းကျပ်အားလည်းကောင်း၊ တတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန အသင်းကို ဆုတံဆိပ်နှင့် ငွေသား ကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို ဆုတံဆိပ် နှင့် ငွေသားကျပ်(၁၅)သိန်းအား လည်းကောင်း၊ ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(သိန်း ၂၀) ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ ဒုဥက္ကဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့်အဖွဲ့သည် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၆)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ကျောင်းသား/ ကျောင်းသူများ၏ ပျော်ပွဲရွှင်ပွဲအဖြစ် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။