အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိဝန်ကြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ ဦးမျိုးလှိုင် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၂)ရက်။

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိဝန်ကြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ် လျက်ရှိသော လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်းမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း ကို ရလဒ် (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းမှ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ပြည်ထောင်စုရာထူးဝန်အသင်းကို ရလဒ် (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ပညာရေးဝန်ကြီး ဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း ပြိုင်ပွဲဝင်အသင်းများ၏ အသီးသီးယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ B ၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသော ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ရလဒ် (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ရလဒ် (၃)ပွဲပြတ် ဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း ပြိုင်ပွဲဝင်အသင်းများ၏ အသီးသီးယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ C ၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသော ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ နေပြည်တော်ကောင်စီအသင်းကို ရလဒ် (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ် ဖြင့် လည်းကောင်း ပြိုင်ပွဲဝင်အသင်းများ၏ အသီးသီးယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသော ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအသင်းမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို ရမှတ် (၂၃)မှတ် (၁၉)မှတ် ဖြင့်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို ရမှတ် (၄၀)မှတ် (၃)မှတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၇၀)မှတ် (၁၈)မှတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၁၄)မှတ် (၀)မှတ် ဖြင့်လည်းကောင်း ပြိုင်ပွဲဝင်အသင်းများ၏ အသီးသီးယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသော ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို ရလဒ် (၅)ဂိုး-(ဂိုးမရှိ) ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၅)ဂိုး-(၂)ဂိုး ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိ ခဲ့ကြပါသည်။ (၃.၁.၂၀၂၂)ရက်နေ့တွင် နံနက် (၈)နာရီအချိန်မှစ၍ ဆီမီးဖိုင်နယ် လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန် အသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဆီမီးဖိုင်နယ် လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

(၃.၁.၂၀၂၂)ရက်နေ့တွင် နံနက် (၈)နာရီအချိန်မှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိသော ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

(၃.၁.၂၀၂၂)ရက်နေ့တွင် နံနက် (၈)နာရီအချိန်မှစ၍ ဘော်လီဘော (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသား) တတိယလုပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ဘော်လီဘော (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသည်။

(၃.၁.၂၀၂၂)ရက်နေ့တွင် နံနက် (၈)နာရီအချိန်မှစ၍ ဖူဆယ် (အမျိုးသား) တတိယလုပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်း၊ ဖူဆယ် (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ (၃.၁.၂၀၂၂)ရက်နေ့တွင် နေ့လည်(၂)နာရီအချိန်မှစ၍ ပိုက်ကျော်ခြင်း (အမျိုးသား) တတိယလုပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် နေပြည်တော် ကောင်စီအသင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။