အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ လိုက်လံ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်များရှိ အားကစားကွင်း/ အားကစားရုံများသို့ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ်ရှိ အောင်ဆန်းသူရိယလှသောင်း အားကစားကွင်း၊ ကော့မှူးမြို့နယ်ရှိ အောင်ဇမ္ဗူ အားကစားကွင်းနှင့် တွံတေးမြို့နယ်ရှိ တွံတေးမြို့မ အားကစားကွင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းများအား သန့်ရှင်းသာယာလှပစေရေး၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ဘောလုံးကွင်း အတွင်းရှိ ပွဲကြည့်စင်နှင့် (Score Board) များအား ပျက်စီးမှုမရှိအောင် ထိန်းသိမ်းကြရန်၊ မိုးလုံလေလုံအားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် ပျက်စီးမှုများအား ပြုပြင်ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း၊ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်ရုံးတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ကွင်း/ရုံ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် လိုအပ်သည်များဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။