အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာလ (၂၆) ရက်။       

ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို အားကစားနည်း (၆) နည်းအား ဒီဇင်ဘာလ (၂၁) ရက် နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ( ၄)  ရက် နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ( Sports Complex)  ရှိ သက်ဆိုင်ရာ အားကစားကွင်း / အားကစားရုံများတွင် ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉) နာရီ အချိန်တွင် ကျင်းပပြုလုပ်လျက်ရှိသော ( အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ် ( အမျိုးသား) ပြိုင်ပွဲများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးရဲနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ် လျက်ရှိသော (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းမှ    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန    (အမျိုးသမီး)အသင်းကို ရလဒ်(၃)ပွဲပြတ် ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသား)အသင်းမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့ (အမျိုးသား) အသင်းကို  ရလဒ် (၃)ပွဲပြတ် ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသမီး) အသင်းမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (အမျိုးသမီး)အသင်းကို ရလဒ် (၃) ပွဲပြတ် ဖြင့်လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (အမျိုးသား)အသင်းမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (အမျိုးသား)အသင်းကို ရလဒ် (၃)ပွဲ (၂) ပွဲ ဖြင့်လည်းကောင်း ပြိုင်ပွဲဝင် အသင်းများ၏  ယှဉ်ပြိုင်ကစားခဲ့မှုများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်လျက်ရှိသော ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအသင်းကို  ရလဒ် (၅) ဂိုး (၂) ဂိုး ဖြင့်လည်းကောင်း၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသင်းကို   ရလဒ် (၉) ဂိုး (၀) ဂိုး ဖြင့်လည်းကောင်း ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ရလဒ် (၄) ဂိုး (၂) ဂိုး ဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) အသင်းကို ရလဒ် (၄) ဂိုး (၂) ဂိုး ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လည် (၂) နာရီ (၃၀) မိနစ်တွင် ဖူဆယ် အားကစားရုံ၌  ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ပညာရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၂) ဂိုး (၁) ဂိုး ဖြင့် အနိုင်ရရှိခဲ့မှုအား ကြည့်ရှုအားပေးခဲ့ပါသည်။           ဆက်လက်ပြီး (၂၇.၁၂.၂၀၂၁)  ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကိုလည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)တွင် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။