အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာ(၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားအား ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားရာတွင်  32nd SEA Games ပြိုင်ပွဲအပြီး 33rd SEA Games ပြိုင်ပွဲကျင်းပရန် လိုနေသေးသည့် အချိန်ကာလတွင် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ် လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အားကစားနည်း အောင်မြင်မှုရရှိစေရေးအတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ အချင်းချင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားဖြင့် နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် အားကစားသမားများ၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများ၏ နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုများကို အမြဲတမ်းလေ့လာ စောင့်ကြည့်လျက်ရှိကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများကို စနစ်တကျ လေ့ကျင့်ပေးရန်လိုကြောင်း၊ နည်းပြကောင်းများဖြစ်မှသာ အားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နည်းပြကောင်းတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများနှင့် ကိုက်ညီအောင် စည်းကမ်းရှိရှိ စနစ်တကျ နေထိုင်သွားကြရန်လိုကြောင်း၊ အားကစားသမားများတွင် ခိုင်မာသည့် ဇွဲ၊ စိတ်ဓါတ်၊ ခံယူချက်ကောင်းများရှိအောင် နည်းပြများမှ အနီးကပ်သွန်သင်ဆုံးမပေးရန်လိုကြောင်း၊ မိမိအားကစားသမားများကို ဆုတံဆိပ်များရရှိအောင် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍတိုးတက်အောင် ဆောင်ရွက်ရာတွင် နည်းပြကောင်းများရှိရန် လိုအပ်သလို အားကစားသမားကောင်းများရှိရန်လိုအပ်ကြောင်း၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ဆောင်ရွက်ရာတွင် နည်းပြဆရာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ အားကစားသမားများအနေဖြင့်လည်း နည်းပြများ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း လေ့ကျင့်မှုများ ပြုလုပ်သွားရန်လိုကြောင်း၊ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများ တိုးတက်မှုရှိစေရန် လိုအပ်သည့် လေ့ကျင့်မှုများကို အမြဲပြုလုပ်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာအားကစားနည်းများတွင် သတ်မှတ်စံချိန်/စံညွှန်းကောင်းများရရှိသည့် အားကစားသမားများကိုသာ နိုင်ငံတကာအားကစား ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း နောက်ဆုံးအချိန် အထိ မလျော့သော ဇွဲ၊ စိတ်ဓါတ်တို့ဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားကောင်းများဖြစ်လာစေရန် အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်ကြစေလိုကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အားကစားသမားများကို နေပြည်တော်တွင် Camp သွင်းပြီး စနစ်တကျ လေ့ကျင့်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ အနာဂတ်တွင် ထူးချွန်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် နေပြည်တော်တွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်းကို ဖွင့်လှစ်ပြီး လူငယ်အားကစားသမားများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ မိမိဝါသနာပါသည့် အားကစားနည်းကိုရွေးချယ်၍ လေ့ကျင့် ယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ရည်မှန်းချက်ရှိမှသာ အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်ရရှိသည့် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယခင်နှစ်များထက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိစေရန် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Friendship Power Co.,Ltd. မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း မြက်ခင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးစေရေး၊ မြက်ခင်းရေရှည် ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။