အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်(၂၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်းပတ်လည် အုတ်တံတိုင်းကာရံမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ရွှေမန်းတောင်အားကစားကွင်း ပတ်လည် Inner Fencing ပေ (၁၆၀၀) ကာရံခြင်း၊ ကွင်းပတ်လည် အကျယ် ပေ(၇၀) အရှည်‌ ပေ(၁၂၀၀) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသာယာမှုရှိစေရေး၊ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများလာရောက် လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းဝန်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ သင်တန်းသား/ သင်တန်းသူများ၏ အိပ်ဆောင်နှင့် စားရိပ်သာများ၊ ဝန်ထမ်းများ၏ ရုံးခန်းများ၊ ရှင်းလင်းဆောင်ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများ၏ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုများအဆင်ပြေချောမွေ့စေရေးနှင့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။