အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်လ(၂၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာပညာဦးစီးဌာန ရွှေကြာပင် အားကစားကွင်းသို့ရောက်ရှိပြီး အားကစားရုံနှင့် ပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။