အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေလ(၁၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့်အတူ ကန်ကြီးထောင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံများ၊ ပုသိမ်မြို့၌ အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့်မြေနေရာနှင့် အားကစားနှင့် ကာယပညာသိပ္ပံ တည်ဆောက်မည့် မြေနေရာတို့အားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး (တိုင်းရုံး)၊ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံခဲ့ရာ ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၏ ရာဇဝင်များနှင့် တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်းနှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်နိုင်ရေး မှာကြားခဲ့ပါသည်။

ထို့နောက် (၁၅.၅.၂၀၂၃)ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပ ပြုလုပ်လျက်ရှိသော ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ (အိမ်မဲမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မြောင်းမြခရိုင်) အားကစားနှင့်ကာယပညာဦးစီးဌာန၊ (၁၆.၅.၂၀၂၃)ရက်နေ့တွင် (ကျောင်းကုန်းမြို့နယ်၊ ဇလွန်မြို့နယ်၊ ညောင်တုန်း မြို့နယ်) အားကစားနှင့်ကာယပညာဦးစီးဌာနများရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး၊ အားကစားမှူးတို့မှ မိမိတို့၏ ခရိုင်၊ မြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများ၏ ရာဇဝင်များနှင့် တည်နေရာများအား Google Map, Layout Plan များအား ကားချပ်ဖြင့် ပြုလုပ်ပြီး ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်နိုင်ရေး လမ်းညွှန် မှာကြားခဲ့ပါသည်။