အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဘိလိယက်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး

နေပြည်တော်၊ မေ (၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသား(၂)+အမျိုးသမီး(၁)အတွဲ အတိုက်ပြိုင်ပွဲတွင် မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဖွယ်ငြိမ်းနှင့် မနီလာစိုးဦးတို့က ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား ဓါးတစ်လက်အပြပြိုင်ပွဲတွင် မောင်အိုက်စိုးလင်းက ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး လက်သိုင်းအပြပြိုင်ပွဲတွင် မသိင်္ဂဝင်းကျော်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား လက်သိုင်းအပြပြိုင်ပွဲတွင် မောင်အံ့ဘွယ်ငြိမ်းက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲအတိုက်ပြိုင်ပွဲတွင် မဝတ်ရည်ဦး၊ မမြတ်နိုးဝေနှင့် မသိင်္ဂဝင်းကျော်တို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား (၁+၁)အတွဲအတိုက်ပြိုင်ပွဲတွင် မောင်အောင်ပြည့်စုံနှင့် မောင်ခန့်လွန်းဇော်တို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား ဓါးမြှောင်အတိုက်အပြပြိုင်ပွဲတွင် မောင်အောင်ခိုင်လင်းနှင့် မောင်ဟိန်းထက်အောင်တို့က ကြေးတံဆိပ် ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။