အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းများကို Online စနစ်ဖြင့် ကြည့်ရှုအားပေး

နေပြည်တော်၊ မေ (၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် စစ်တုရင်၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ အမျိုးသမီး (၆၀)ကီလို လက်ရည်စစ်ပွဲတွင် မနှင်းနန္ဒာဦးမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဓားအတိုက် အမျိုးသား(၂)ယောက်တွဲအပြပြိုင်ပွဲတွင် မောင်ရာဇာထွန်းနှင့် မောင်တင်ထူးဇော်တို့မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီး ဓားတစ်လက် အပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ကျား(၃)ယောက် မ(၃)ယောက် အသင်းလိုက်အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်၊ မောင်နေလင်းထက်၊ မခိုင်ဇာထွန်း၊ မဖြိုးအိကျော်နှင့် မသီတာမင်းတို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီးထပ်မံ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။