အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ပီတန်းအားကစားနည်းနှင့် ဗိုဗီနမ်အားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်၊ မေ (၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစား နည်းနှင့် ဗိုဗီနမ်အားကစားနည်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၈)နာရီအချိန်တွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online  စနစ်ဖြင့် ကြည့်ရှု အားပေးခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို ဗိုဗီနမ်အားကစားနည်းမှ အမျိုးသမီး(၂)ယောက်တွဲအပြ ပွဲစဉ်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့မှလည်းကောင်း၊ အမျိုးသား (၄)ယောက်တွဲအပြ ပွဲစဉ်တွင် မောင်အောင်ခိုင်လင်း၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်နှင့် မောင်ရာဇာထွန်းတို့မှ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသားလက်သိုင်းအပြ ပွဲစဉ်တွင် မောင်ကျော်သူစိုးအောင်မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။