အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ

တောင်ကြီး၊ မေ(၄)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နေ့လယ်(၁)နာရီအချိန် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ချုပ်မှု ရုံးအစည်းအဝေးခန်းမ၌ အားကစားနည်းအလိုက် တာဝန်ပေးအပ်ထားသည့် တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ကြီးက အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်အများဆုံးချီးမြှင့်သည့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုတိုးတက်အောင် တာဝန်ခံ နည်းပြများက ကြိုးစားဆောင်ရွက်ရန်နှင့် ပညာသင်နှစ်အလိုက် အောင်ချက်မြင့်မားရေး ကြပ်မတ် ဆောင်ရွက်ရေး ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဘက်စုံသုံးခန်းမ၌ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် တိုင်းပြည်အနာဂတ်ဟာ လူငယ်များလက်ထဲတွင်ရှိသဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များရှိ အားကစားသမားများရဲ့ အောင်မြင်မှုကိုကြည့်ပြီး၊ မြန်မာ့အားကစား တိုးတက်လာမှုကိုခန့်မှန်းနိုင်ပါကြောင်း၊ လူငယ်တွေဖွံ့ဖြိုးတက်တက်မှုလုပ်ငန်းဟာ အားလုံး သက်ဆိုင်ပြီး ရှေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးက အားကစားကို အားပေး နေသဖြင့် အားကစားသမားများဟာ ပိုမိုကြံ့ခိုင်ဖို့လိုသလို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သူများ ဖြစ်အောင် လေ့ကျင့်ပေးသွားရမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများပီသစွာဖြင့် ကျရာကဏ္ဍမှ စေတနာထား၍ တာဝန်ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာန၏ မူဝါဒ၊ လမ်းစဉ်၊ ရည်ရွယ်ချက်များ ကို သိရှိအောင်ကြိုးစားပြီး မိမိထက်တော်သော တပည့်များဖြစ်အောင် မွေးထုတ်လေ့ကျင့်ပေးရန် မှာကြားပြီး၊ မီတာ(၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်း၊ ရေကူးကန်နှင့် သင်တန်းသား/သင်တန်းသူ အိပ်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။