အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်၊ မေလ(၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ)  ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့မွန်းလွဲ (၄)နာရီအချိန်တွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံး၌ Virtual Online  စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မောင်လှိုင်ချစ်ဦး၊ အမျိုးသားတစ်ဦးချင်း (လက်သိုင်းအပြ) ပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်တို့မှ ကြေးတံဆိပ် ဆုစီရရှိပြီး အမျိုးသမီးတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မနီလာစိုးဦးမှ ငွေတံဆိပ်ဆု၊ အမျိုးသမီး တစ်ဦးချင်း (ဝါးညှပ်အက)ပြိုင်ပွဲတွင် မမြတ်နိုးဝေမှ ကြေးတံဆိပ်ဆုများအသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။