အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီလ(၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးဗလကျော်သူနှင့် ဦးသိုင်းထွန်းဇော်တို့မှ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ရာတွင် သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသား(၁)ဦးနှင့် သင်တန်းသူ(၁)ဦးတို့မှ လက်ခံရယူခဲ့ပါသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား/သင်တန်းသူများအား ဆုများချီးမြှင့်ရာတွင် ပထမဆုရရှိသော ဒေါ်စံထားမင်း(ဝူရှူးအားကစားနည်း)၊ ဒုတိယဆုရရှိသော ဒေါ်မင်းမင်းသိမ့်(ဘတ်စကက်ဘောအားကစားနည်း)နှင့် တတိယဆုရရှိသော ဦးညီညီအောင် (ပြေးခုန်ပစ်အားကစားနည်း)တို့အား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/သင်တန်းသူများနှင့်အတူ သင်တန်းဆင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။