အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊မတ်လ(၃၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြ မွမ်းမံသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် နည်းပြမွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကတော့ နည်းပြများအနေဖြင့် ကစားသမားများအား လေ့ကျင့်ပေးသည့်အခါတွင် လိုအပ်သည့် စာတွေ့လက်တွေ့ပိုင်းသာမက ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိစေရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် သင်ကြားပေးဖို့လိုအပ်ပါကြောင်းနှင့် ကြံ့ခိုင်မှု၊ ရဲရင့်မှု၊ အနိုင်/အရှုံး၊ စံချိန်စံနှုန်းများကို တိုးတက်အောင် အမြဲဂရုစိုက်ကြိုးစား သင်ကြားပို့ချပေးရန် လိုအပ်ကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ လက်ထောက် ညွှန်ကြားရေးမှူး ဦးထိန်းဝင်းမြင့်မှ သင်တန်း၌ သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ သင်တန်းအား သင်တန်းသား/ သင်တန်းသူ (၃၂)ဦးဖြင့် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရသည်။