အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်း/ ခရိုင်/ မြို့နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၂) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာနရုံးတွင် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်ရှိဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့အားလုံးသည် နိုင်ငံ့ဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများသာဖြစ်ကြောင်း၊ ရုံးလုပ်ငန်းတာဝန်များကို ‌ထမ်းဆောင်ရာတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အဖွဲ့အစည်းဖြင့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက်အပြန်အလှန် လေးလေးစားစားပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ စာအုပ်စာပေများဖတ်မှသာ စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်ပြီး ဗဟုသုတများစွာရရှိလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတဆင့် အချိန်မရွေးတင်ပြနိုင်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။