အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ (၃၄)ဧက အားကစားဉယျာဉ်အတွင်း အဆင့်မြင့်အားကစားရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မှီပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီးနောက် အရာထမ်း/အမှုထမ်းနေအိမ်နှင့် အားကစားသမားအိပ်ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာ သိပ္ပံ(မော်လမြိုင်)တွင် သင်တန်းတက်ရောက်လျက်ရှိသည့် Grade-10 နှင့် Grade-11 (စနစ်သစ်နှင့် စနစ်ဟောင်း)တို့တွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲ စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်းနှင့် ရာမည အားကစားကွင်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း ရေရှည်တည်တံ့စေရေး၊ စိမ်းလန်းစိုပြေစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ပြည်သူများစိတ်လက်ပျော်ရွှင်စွာ အပန်းဖြေ လာရောက်ကစားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံပြီး မိသားစုစိတ်ဓာတ်ထားရှိ၍ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။