အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကရင်ပြည်နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ (အောင်သံလွင်) ပြည်နယ်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းရှိ (VIP)ပွဲကြည့်ဆောင်၊ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ တိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံကြရန်နှင့် ဝန်ထမ်းများအချင်းချင်း တစ်ဦးပေါ်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် ရိုင်းပင်းကူညီ၍ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏အခက်အခဲများ လိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ ဇွဲကပင် အားကစားကွင်းသို့သွား ကြည့်ရှုစစ်ဆေးခဲ့ရာ ဇွဲကပင်အားကစားကွင်းသည် မိမိတို့ ကရင်ပြည်နယ်အတွက် ဂုဏ်ယူအားထားရသည့် အားကစားကွင်းကြီးဖြစ်သည့်အတွက် အားကစားကွင်းရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြေစေရေးအတွက် ဝန်ထမ်းများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများ၊ တင်ပြချက်များအား ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအားလုံး လိုအပ်ချက်များ/အခက်ခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ နည်းပြများအနေဖြင့် အားကစားနည်းအလိုက် ခေတ်နှင့်အညီ ပြောင်းလဲ တိုးတက်နေသည့် နည်းစနစ်များ၊ နည်းဥပဒေများကို အမြဲတမ်းလေ့လာဆည်းပူးပြီး ပြန်လည်မျှဝေ လက်ဆင့်ကမ်း သင်ကြား ပြသပေးနိုင်သူများဖြစ်အောင် အစဉ်အမြဲ လေ့လာသင်ယူကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏အခက်အခဲများနှင့် လိုအပ်ချက်များအား ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက် သင်တန်းသား/သူများ စာမေးပွဲဖြေဆိုရန်အတွက် သက်ဆိုင်ရာအတန်း အလိုက် စာကြည့်ခန်းများတွင် သင်ခန်းစာများ လေ့လာကျက်မှတ်နေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး သင်တန်းသား/သူများ သွားလာ၊ နေထိုင်၊ စားသောက်မှုများနှင့် စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေချောမွေ့ပြီး အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။