အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံ ဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၃၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများတွင် အထက်အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲများကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လစဉ်ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းသည် ယခုဆိုလျှင် တတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ဝန်ထမ်းများနှင့် တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲကို (၆.၁.၂၀၂၃)ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် တင်ပြခဲ့သည့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို အကြီးအကဲများ၏လမ်းညွှန်ချက်အတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဒါဘာတွင် ဝန်ထမ်းများတင်ပြလိုသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများ စည်းကမ်းဖောက်ဖျက်ခြင်းနှင့် တာဝန်ပျက်ကွက်လျှင် ထိထိရောက်ရောက် အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခွင့်တောင်းခံခြင်းကိစ္စများ၊ ရုံးစာရွက်စာတမ်းလုံခြုံရေးကိစ္စများကို လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ပြခြင်းများ မပြုလုပ်ကြရန်မှာကြားလိုကြောင်း၊ မကြာမီ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိ လာတော့မှာဖြစ်သည့်အတွက် ရုံးများ၊ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများတွင် မီးဘေး အန္တရာယ်ကင်းရှင်းရေးကို ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏လမ်းညွှန်ချက် အရ ရုံးအဆောက်အဦများ၊ အားကစားကွင်း/အားကစားရုံများတွင် လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ စနစ်တကျ ဂရုတစိုက် စိစစ်ပြီးဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာများတွင် ဌာနမှတပ်ဆင်ပေးထားသော မီးသတ်ဆေးဘူးများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံး အဆောက်အဦများနှင့် အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသာယာလှပမှုရှိစေရေးကိုလည်း ဂရုတစိုက် ဆောင်ရွက်ပေးကြရန် ထပ်မံမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများက ၎င်းတို့၏အခက်အခဲများကို တင်ပြခဲ့ကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းကိစ္စများကို အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ထမ်းများမှ မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကျွမ်းကျင် တတ်မြောက်မှုရှိရန် လေ့လာသင့်သည့်ပညာရပ်များနှင့် ရုံးလုပ်ငန်းလက်စွဲ၊ ဝန်ထမ်းနည်းဥပဒေ/ဥပဒေများ ကို လေ့လာဖတ်ရှုပြီး သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ မိမိတို့တာဝန်ကျရာဒေသများတွင် ပေးအပ် ထားသည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ယခုပြုလုပ်သည့် ဆန္ဒ ထုတ်ဖော်ပွဲ၌လည်း ဝန်ထမ်းများ၏အခက်အခဲများကို တင်ပြဆွေးနွေးနိုင်ပါကြောင်း၊ ဆောင်ရွက်ပေးနိုင် သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး တင်ပြခွင့်ပြုချက်ဖြင့် ဖြေရှင်းရန်လိုအပ်သည့် ကိစ္စများကိုလည်း အကြီးအကဲများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။