အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ (၃၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစားကွင်းသို့ရောက်ရှိပြီး ဘက်စုံအသုံးပြုနိုင်သည့် မီတာ(၄၀၀) (Synthetic)ပြေးလမ်းပါ ဘက်စုံသုံးအားကစားကွင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် မြေနေရာတိုင်းတာခြင်းလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး လဟယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအထောက်အကူပြုပစ္စည်းများအား နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆက်လက်ထွက်ခွာလာရာ မွန်းလွဲပိုင်းအချိန်တွင် ခန္တီးမြို့သို့ရောက်ရှိလာခဲ့ပြီး ခန္တီးမြို့ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း အားကစားရုံ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ Inter Fence ကာရန်ခြင်းနှင့် Score Board ပြုပြင်ခြင်းများ အပါအဝင် လတ်တလောဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ခန္တီးခရိုင် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံကာ အဖွဲ့အစည်းဖြင့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက်အပြန်အလှန် လေးလေးစားစားပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ စာအုပ် စာပေများဖတ်မှသာ စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်ပြီး ဗဟုသုတများစွာရရှိလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတဆင့် အချိန်မရွေးတင်ပြနိုင်ပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။