အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား နေ့လယ်စာ ပြင်ဆင်ဧည့်ခံကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ(၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား၌ ဖျော်ဖြေတင်ဆက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် လာရောက်တည်းခိုနေထိုင်လျက်ရှိရာ အဆိုပါအဖွဲ့များအား Gold Medal Hall ၌ နေ့လည်စာ ပြင်ဆင်ဧည့်ခံကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်းခိုနေထိုင် စားသောက်ရေးအဆင်ပြေချောမွေ့စေရန်နှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။