အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးနေမှုအား လာရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ(၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့ရာ လာရောက်ဖြေဆိုသူ(၁၃၉)ဦးနှင့် Virtual Online စနစ်ဖြင့် ဖြေဆိုသူ(၁၂)ဦး၊ စုစုပေါင်း(၁၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။

အဆိုပါ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်စိုးမိုး၊ စီမံ/ဘဏ္ဍာဌာနခွဲ ညွှန်ကြားရေးမှူး ဦးစန်းချိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများအား လူတွေ့အရည်အချင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာလ(၂)ရက်၊ (သောကြာနေ့) နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း(အပေါ်ထပ်)၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။