အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာလ(၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် နည်းပြများ၏အခန်းကဏ္ဍသည် အထူးအရေးပါသည့်ကဏ္ဍဖြစ်ပြီး နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)တွင် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမားများမှ ထူးချွန် ထက်မြတ်ပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် အားကစားနည်းပြဆရာများ၏ အရည်အသွေးများ၊ အားကစားစွမ်းဆောင်ရည်အဆင့်များ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ် အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း    (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့် သင်တန်းနည်းပြဆရာများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှသင်တန်းဆင်းအမှာစကား ပြောကြားရာတွင်

–         မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ နည်းပြများ၏ အရည်အသွေးများ/ အရည်အချင်းများ၊ အားကစားစွမ်းဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍      ယခု အားကစားနည်းပြ သင်တန်းအား (၁) လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊

–         တိုးတက်ပြောင်းလဲနေသော နည်းပြခြင်းဒဿနနှင့် နည်းလမ်းများ၊ လူထုအားကစား၊ အားကစားဆိုင်ရာစီမံခန့်ခွဲမှု၊ အားကစားနှင့်သက်ဆိုင်သော  ဆေးဘက်ဆိုင်ရာ အသိပညာများကို သင်ကြားပို့ချပေးခဲ့ပြီဖြစ်ကြောင်း၊

–         မိမိတို့တာဝန်ယူလေ့ကျင့်ပေးရမည့် အားကစားသမားများ၏ ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်း ကောင်းမွန်မှုများနှင့်အတူ အားကစားနည်းစနစ်ပိုင်းများကို စနစ်တကျသင်ကြား လေ့ကျင့်ပေးဖို့ လိုအပ်ကြောင်း၊

–         လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)သို့ ရောက်ရှိလာသော လူငယ် အားကစားသမား များသည် ကျောက်အရိုင်းတုံးများ ဖြစ်သကဲ့သို့ ၎င်းတို့အား တန်ဖိုးရှိသော အဖိုးတန်ရတနာများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် နည်းပြများတွင် အဓိကတာဝန်ရှိကြောင်း၊

–         အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် သိပ္ပံနည်းကျသည့် လေ့ကျင့်မှုများ၊ ပြောင်းလဲတိုးတက်နေသည့် ခေတ်မီနည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာနေဖို့လိုအပ်ကြောင်း၊

–         သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကို ဆက်လက်တိုးတက်အောင် လေ့လာ ဆောင်ရွက်ခြင်းဖြင့် နည်းပြဆရာကောင်းများဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန်လိုအပ်ကြောင်း၊

–         နည်းပြများအနေဖြင့် မိမိတို့ သင်ကြားလေ့ကျင့်ပေးမည့် အားကစားသမားများထက် အားကစား ဆိုင်ရာဘာသာရပ်တိုင်း၊ အားကစားနည်းတိုင်းတွင် ပိုမိုကျွမ်းကျင်ပြီး စနစ်တကျ သင်ကြား လေ့ကျင့်ပေးနိုင်ရန်အတွက် အဆက်မပြတ် လေ့လာနေဖို့လိုအပ်ကြောင်း၊

–         နည်းပညာတိုးတက်နေသည့် ခေတ်ကာလဖြစ်၍ လေ့လာလိုသည်များကို အလွယ်တကူရှာဖွေ လေ့လာ အသုံးပြုနိုင်သည့်အတွက် မိမိတို့ကိုယ်တိုင် လုပ်ချင်ကိုင်ချင်စိတ်၊ လေ့လာလိုစိတ်နှင့် ဝမ်းစာဖြည့်လိုစိတ်များ ရှိရန်လိုအပ်ကြောင်း၊

–         အားကစားအဆင့်အတန်းဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်မည့် အရည်အချင်းပြည့်ဝသော မျိုးဆက်သစ် အားကစားသမားများအား မွေးထုတ်ပေးနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးမှ သင်တန်းသားများကိုယ်စား သင်တန်းသား/ သင်တန်းသူကိုယ်စားလှယ် (၂)ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြများ ကိုယ်စား သင်တန်းနည်းပြ (၂)ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။