အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် စစ်ရေးပြလမ်းလျှောက်လေ့ကျင့်နေသည့် အဖွဲ့အား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ(၃၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Training Center No.(2)တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ စစ်ကြောင်းဖြင့် ချီတက်လမ်းလျှောက် စစ်ရေးပြမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများမှ တပ်ခွဲ(၁)ခွဲ၊ အင်အား(၁၆၅)ဦးတို့၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စစ်ရေးပြလမ်းလျှောက် လေ့ကျင့်နေသည့်အဖွဲ့များအတွက် စားသောက်ရေးနှင့်လေ့ကျင့်ရေးတွင် အဆင်ပြေစေရန် အချိုရည်၊ လိမ်းဆေး၊ အားဆေးနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကူညီထောက်ပံ့ဖြည့်ဆည်းပေးသွားရန် တာဝန်ရှိသူများကို ပြောကြားခဲ့ပါသည်။