အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်အားဖြည့်အစားအစာများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းကူညီဖြည့်ဆည်းပေး

နေပြည်တော်၊ အောက်တိုဘာ(၂၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)တွင် လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုပဒေသာကပွဲတွင် ရုပ်ရှင်ဂီတသဘင်အနုပညာရှင်များ ပါဝင်တင်ဆက်မည့် ဒေါ်နွဲ့နွဲ့စန်းဦးဆောင်သည့် အမေများအဖွဲ့နှင့် ဦးဒိန်းဒေါင်ဦးဆောင်သည့် ဟာသလူရွှင်တော်များအဖွဲ့တို့အား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် နေပြည်တော်အားကစားဆေးဘက်ဌာနခွဲမှ ဆရာဝန်၊ သူနာပြုများနှင့်အတူ ဆီးချို၊ သွေးတိုးရောဂါစစ်ဆေးပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ၊ အင်အားဖြည့် အာဟာရဖြစ်စေရန်အတွက် ငှက်ပျောသီး၊ ကြက်ဥ၊ သောက်ရေသန့်များ၊ အလှူငွေများနှင့် အခြားလိုအပ်သည်များအား ကူညီဖြည့်ဆည်းထောက်ပံ့လှူဒါန်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။