အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၂၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကိုယနေ့နံနက်(၀၉:၀၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများတက်ရောက်ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်ဝန်ကြီးဌာနလက်ထက်များတွင် ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲအခမ်းအနားများကို ပုံမှန်ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ယခုနောက်ပိုင်းတွင် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့်အခက်အခဲများကိုသက်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများမှတစ်ဆင့် စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေတင်ပြလာခဲ့ခြင်းအပေါ် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေးကိစ္စကိုတစ်နှစ်လျှင်(၂)ကြိမ်နှင့် ပြောင်းရွှေ့နေရာချထားရေးကိစ္စများကိုတစ်နှစ်လျှင် (၃)ကြိမ် သတ်မှတ်ပြီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းကိစ္စများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ပြင်ပသို့ ပေါက်ကြားမှုမရှိစေရန်အတွက် လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ပြခြင်းများမပြုလုပ်ကြရန်လိုကြောင်း၊ ဝန်ထမ်းများမှ ခွင့်တောင်းခံခြင်းကိစ္စများ၊ လုံခြုံရေးကိစ္စများနှင့် ဒေသအာဏာပိုင်ခွင့်ပြုချက်ဖြင့် ခရီးသွားလာရမည့်ကိစ္စများကိုလည်း ညွှန်ကြားချက်များထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် သေချာစွာလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရရုံးအဆောက်အဦများ၊ အားကစားကွင်း/အားကစားရုံများ၌ လျှပ်စစ်မီးများသုံးစွဲရာတွင် မီးဘေးအသိ/သတိရှိရန်လိုအပ်ပြီးစည်းကမ်းတကျ သတိပြုသုံးစွဲကြရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ/ရုံးအဆောက်အဦများနှင့် အားကစားကွင်း/အားကစားရုံများသန့်ရှင်းသာယာလှပရေးကိုလည်းဂရုစိုက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများစားဝတ်နေရေးနှင့်ပတ်သက်ပြီးသက်ဆိုင်ရာဌာနခွဲများ၏ တင်ပြမှုအရဝန်ထမ်းနာရေးဖြစ်ပေါ်ပါကငွေကျပ်တစ်သိန်း(၁၀၀၀၀ဝိ/-)နှုန်းဖြင့်လည်းကောင်း၊ကလေးမီးဖွားသူများကို ငွေကျပ်ငါးသောင်း(၅၀၀၀ဝိ/-)နှုန်းဖြင့်လည်းကောင်း ကူညီထောက်ပံ့မှုများကိုပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေဆဲကာလအတွင်းတွင်လည်း Mask နှင့် Hand Gel များကိုဝန်ထမ်းများအား ထောက်ပံ့ပေးခဲ့ပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးနှင့်နာရေးကိစ္စရပ်များကိုကူညီဆောင်ရွက်နိုင်စေရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန အငြိမ်းစားဝန်ထမ်းဟောင်းများအသင်းကိုလည်း စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများမှ မိမိတို့အားပေးအပ်ထားသောတာဝန်နှင့်ဝတ္တရားများကိုဝန်ထမ်းစည်းမျဉ်း/စည်းကမ်း၊ ဥပဒေ/နည်းဥပဒေများအတိုင်းစနစ်တကျလိုက်နာပြီးတာဝန်ကျေပွန်အောင် ထမ်းဆောင်ကြစေလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ဖြည့်စွက်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီးဝန်ထမ်းများကျန်းမာပျော်ရွှင်စွာဖြင့် ရုံးလုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင် ဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းပြောကြား၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။