အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာ(၁)နှင့်(၂)တို့အား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ(၂)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နေ့လယ်(၁၂)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ စားရိပ်သာ(၁)နှင့်(၂)တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ စားရိပ်သာ မီးဖိုချောင် အတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အသား/ငါးလှီးခုတ်သည့် အခန်း၊ အသီးအရွက်ထားရှိသည့် အအေးခန်း၊ အစားအသောက် ချက်ပြုတ်ရန်ပြင်ဆင်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာ(၁)နှင့်(၂)တို့တွင် စားသောက်မည့်နေရာ ခင်းကျင်းထားရှိမှုများအား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စားရိပ်သာအား စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်လိုကြောင်း၊ အဆောက်အဦး အတွင်း/အပြင် ဆေးပြန်လည်သုတ်ရန်လိုကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး စားပွဲခင်းများ အသစ်ပြန်လည် လဲလှယ်ရေး၊ ပစ္စည်းတင်စင်များ အသစ်ပြန်လည် ပြုပြင်သွားရေး၊ ထမင်း/ဟင်း တင်မည့်စင်အား စတီးစင်များဖြင့် အသစ်လဲလှယ်အသုံးပြုနိုင်ရေး၊ လာမည့်ဘတ်ဂျက်တွင် စားရိပ်သာ(၂)ခုအား အကြီးစားပြုပြင်နိုင်ရေးအတွက် တွက်ချက်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။