အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံ အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ လူငယ်ရေးရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးနေဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားစေရန်သာမက အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်စေရန်၊ Basic English Speaking အား အခြေခံအဆင့် တတ်ကျွမ်းစေရန်၊ သင်တန်းတက်ရောက်လာသည့် ဝန်ထမ်းများ အချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်မှု တိုးပွားလာစေရန်၊ အင်္ဂလိပ်ဘာသာစကား ပြောကြားရာတွင် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန်နှင့် လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်(၇)ရပ်တွင် ပါရှိသည့် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်လာနိုင်စေရန်၊ လုပ်ငန်းစဉ် (၁၀)ရပ် တွင် ပါရှိသည့် လူငယ်များ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုသုခုမများကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ ပြည်ပအနုပညာ၊ ယဉ်ကျေးမှုစသည့် နှီးနှောဖလှယ်ပွဲအစီအစဉ်များ၊ နိုင်ငံတကာ လူမှုအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ ဂုဏ်သိက္ခာအရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလာစေရန်အတွက် နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကဏ္ဍပေါင်းစုံ နှီးနှောဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အင်္ဂလိပ်ဘာသာစကားပြောကြားရာတွင် အခက်အခဲမရှိစေရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အခြေခံအင်္ဂလိပ်စကားပြော စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို (၁၅.၈.၂၀၂၂) ရက်နေ့မှ (၁၃.၁၀.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် ခေတ်မီတိုးတက်လာသော နည်းပညာများအား ပိုမိုတိုးတက်စွာ သင်ယူနိုင်စေရေး၊ အင်္ဂလိပ်ဘာသာစကား စွမ်းရည်တိုးတက်လာစေရန်အတွက် ပိုမိုလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး (ASEAN Ministerial Meeting on Youth – AMMY)၊ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (Senior Official Meeting on Youth SOMY)တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ယခုသင်တန်းတွင် သင်ယူတတ်မြောက်ခဲ့ကြသည့် ဝန်ထမ်းများမှ ပါဝင်ကူညီ လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းကို တက်ရောက်ခဲ့ခြင်းဖြင့် မိမိတို့၏ စွမ်းရည်များ ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ဆက်လက်ကြိုးစားလေ့လာသွားကြရန်လိုကြောင်း၊ သင်ခန်းစာများကို မမေ့မလျော့ဘဲကြိုးစားပြီး (Self Study )ကို ကိုယ်စီကိုယ်စီ ဆက်လက်လေ့လာသွားကြရန် လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် လူ့စွမ်းအားအရင်းအမြစ်၊ စီမံခန့်ခွဲမှုသည် ပဓာနကျသည့်အတွက် အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်ရှိသော၊ လုပ်ငန်းခွင်ကျွမ်းကျင်သော၊ တာဝန်ယူမှု တာဝန်ခံမှုရှိပြီး ရလဒ်ကောင်းများ ရရှိစေရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းစည်းကမ်းများကို သင်တန်းစတက်သည့်အချိန်မှ သင်တန်းပြီးဆုံးသည်အထိ လေးစားလိုက်နာခဲ့ကြသည့် အပေါ် အထူးပင်ဝမ်းမြောက်မိပါကြောင်းနှင့် သင်ကြားပေးခဲ့သည့် ဆရာမများကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများကလည်း ဆရာမများထံသို့ မိမိတို့ မသိနားမလည်သည်များကို ဆက်သွယ်မေးမြန်းပြီး အင်္ဂလိပ်ဘာသာစကားအား အရေး၊ အဖတ်၊ အပြောနှင့်နားထောင်နိုင်မှု လေ့လာမှု စသည့် (4-Skills) အထိ ပိုင်နိုင်ကျွမ်းကျင်စွာ တက်မြောက်သူများဖြစ်အောင် ကြိုးစားလေ့လာသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် သင်တန်းနည်းပြဆရာမများအား လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။