အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ(၂၉) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး‌တင်မောင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်(၈)နာရီခွဲအချိန်တွင် ရေကြည်မြို့နယ် ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ အကြီးစားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေမဝပ်စေရေးအတွက် မြက်များ မကြာခဏရိတ်သိမ်းပေးရန်နှင့် အားကစားခန်းမအတွင်း မှောင်မနေစေရန်၊ ခိုငှက်များ မဝင်ရောက်နိုင်အောင် စနစ်တကျကာရံသွားရန်၊ ကြမ်းခင်းများ ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် လေဝင်ပေါက်များ စနစ်တကျထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ကျန်းမာရေးနှင့်လုံခြုံရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် မိသားစုစိတ်ဓါတ်ထားရှိ၍ အပြန်အလှန်လေးစားမှုရှိပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာဝမ်းစာပြည့်ဝအောင် အမြဲတမ်း စာအုပ်စာပေများများ ဖတ်ရှု၍ လေ့လာမှတ်သားသင်ယူကြရန်လိုကြောင်း၊ ဒါမှသာ အသိပညာ၊ အတတ်ပညာတိုးပွား၍ ဗဟုသုတနှင့်ပြည့်စုံပြီး အရာရာကို ဝေဖန်ပိုင်းခြားနိုင်သည့် လူတော်လူကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အားကစားလောကဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍမှနေ၍ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခက်အခဲလိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျုံပျော်မြို့နယ် မိုးလုံလေလုံ အားကစားရုံ နှင့် ဘောလုံးအားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊  ခိုငှက်များ  မဝင်အောင် စနစ်တကျ ကာရံထားရန်၊

မှန်များပိတ်ထားရန်နှင့် ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးအတွက် သန့်ရှင်းရေးအမြဲပြုလုပ်ထားရန်၊ Score Board အသစ်၊ Inner Fencing နှင့် အဝင်ဂိတ်တံခါးများ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများလည်း ထောက်ပံ့ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအားလုံး အခက်အခဲများရှိပါက တင်ပြနိုင်ကြောင်း၊ မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ပြည်သူ့အားကစားကွင်းရှိ ဘောလုံးအားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းစိမ်းလန်းစိုပြေစေ ရေး၊ သန့်ရှင်းသာယာမှုရှိစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် ဝန်ထမ်းများ၏ အခက်အခဲများအား အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။