အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၏ နံနက်စာ စားသုံးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ(၁၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၏ နံနက်စာ စားသုံးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား/သင်တန်းသူများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် အခက် အခဲများရှိပါက တာဝန်ရှိသူများထံသို့ သတင်းပို့တင်ပြနိုင်ကြောင်းနှင့် အားကစားသမားများကို အာဟာရညီညွတ်မျှတစွာ ချက်ပြုတ်ကျွေးမွေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် တင်းနစ် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပြုစုပျိုးထောင်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးစေလိုကြောင်းနှင့် အားကစားကွင်း(၁၁)ကွင်းရှိသည့်အတွက် အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့၍ အမြဲတမ်းစိမ်းလန်းစိုပြေနေစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အားကစားဥယျာဉ်စီမံကိန်းမြေနေရာ၌ တည်ဆောက်လျက်ရှိသည့် အရှေ့ဘက်ရိုးရိုးတန်းပွဲကြည့်စင်၊ အနောက်ဘက်အထူးတန်း ပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံအဆောက်အဦးများအား သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်း ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီဆောက်လုပ်ပြီးစီးစေရေး အလေးထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။