အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရခိုင်ပြည်နယ်အတွင်းရှိသိပ္ပံကျောင်းနှင့် အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

စစ်တွေ၊ စက်တင်ဘာ(၁၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် ယနေ့ နံနက် (၀၆:၀၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားဝင်းမှ အပြည်ပြည်ဆိုင်ရာလေဆိပ်(ရန်ကုန်)သို့ ထွက်ခွာပြီး နံနက် (၀၇:၀၀)နာရီ လေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ထွက်ခွာခဲ့ရာ နံနက်(၀၈:၃၀)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) ကျောင်းအုပ်ကြီး၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကျောင်းနှင့် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံ၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အားကစားနည်း(၅)နည်းဖြင့် စတင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားရန်၊ ကျောင်းဖွင့်လှစ်ရာတွင် လိုအပ်သည့် အားကစားအထောက်အကူပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များအား သိရှိနားလည်ထားရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓါတ်ဖြင့် အပြန်အလှန် ကူညီရိုင်းပင်းပြီး စည်းစည်းလုံးလုံး နေထိုင်သွားကြရန်လိုကြောင်းနှင့် အခြားအခက်အခဲများ ရှိပါကလည်း မိမိတို့အနေဖြင့် တတ်နိုင်သမျှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝေသာလီ အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအနေဖြင့် အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်၍ အားကစားလေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားပြိုင်ပွဲများအား စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးသွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓညဝတီအားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသော လူငယ်မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများအား သွားရောက်အားပေး ကြည့်ရှုခဲ့ပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားများဖြစ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားကြရန် မှာကြားခဲ့ပြီးနောက် ဓညဝတီ အားကစားခန်းမနှင့်ရုံး၊ အမျိုးသမီး GYM အားကစားခန်းမတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။