အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် Training Hall N0(1)၌ အားကစားသမားများ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ စက်တင်ဘာ(၁၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိသော အားကစားအဖွဲ့များအနက်မှ Training Hall N0(1)၌ လေ့ကျင့်လျက်ရှိသည့် ရိုးရာခြင်းလုံးအားကစားသမားများ၊ ဗိုဗီနမ်အားကစားသမားများနှင့် ဘော်လီဘော(အမျိုးသား) အားကစားသမားများ၏ ကြိုးစားလေ့ကျင့်နေမှုများကိုလည်းကောင်း၊ ဂျပန်နည်းပြဆရာမှ ဘော်လီဘော(အမျိုးသမီး) အားကစားသမားများအား နည်းစနစ်များမှန်ကန်စေရန်အတွက် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုများကိုလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားရုံတွင် ကိုရီးယားတိုက်ကွမ်ဒိုနည်းပြဆရာမှ တိုက်ကွမ်ဒို အားကစားသမားများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးနေမှုများနှင့် ပိုက်ကျော်ခြင်းအားကစားရုံတွင် ပိုက်ကျော်ခြင်းအားကစားသမားများ၏ ကြိုးစားလေ့ကျင့်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားအဖွဲ့များအတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများနှင့် အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။