အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ(၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဆင်းပွဲအခမ်းအနား” ကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးကိုယ်စား သင်တန်းဆင်းအမှာစကားပြောကြားခြင်းဖြစ်ကြောင်း၊ အလေးမအားကစားနည်းသည် အိုလံပစ်အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အားကစားနည်းတစ်နည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရိုးရာအားကစားနည်းများကို အခြေခံပြီး အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းစနစ်များ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်အလေးမ အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် စာတွေ့/လက်တွေ့သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့ပြန်လည်အသုံးချပြီး မိမိတို့၏ အားကစားသမားများကို အားကစားသမားကောင်း စိတ်ဓာတ်များ ထားရှိတတ်အောင် စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/သင်တန်းသူ (၂)ဦးအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား (၅.၉.၂၀၂၂)ရက်နေ့မှ (၉.၉.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။