အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မြန်မာ့ရိုးရာအခြေခံသိုင်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဩဂုတ်(၃၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မြန်မာ့ရိုးရာအခြေခံသိုင်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မိုးလုံလေလုံအားကစားရုံ၊ ကျိုက္ကဆံကွင်း၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အားကစားမှူးများ၊ နည်းပြ/နည်းစနစ်မှူးနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာသိုင်းပညာရပ်သည် မြန်မာလူမျိုးတို့၏ အမှတ်သင်္ကေတတစ်ခုဖြစ်ကြောင်း ၊ မြန်မာ့ရိုးရာသိုင်းပညာကို တန်ဖိုးထားတတ်စေရန် သိုင်းပညာကိုတိုးတက်ပြန့်ပွားစေရန် နောင်လာနောက်သားများကို လက်ဆင့်ကမ်းနိုင်စေရန် ရည်ရွယ်၍ ကြိုးစားကြစေလိုကြောင်း ပြောကြားပြီးနောက် သင်တန်းနည်းပြဆရာဦးနိုင်လင်းနှင့် ဦးဆက်နိုင်ထူးတို့အား ဂုဏ်ပြုဆုငွေ ကျပ်(၁၅၀၀၀၀)နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယကျောင်းအုပ်ကြီးဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်မှ နည်းပြဆရာ ဦးဇော်ဝင်းအား ဂုဏ်ပြုဆုငွေကျပ်(၁၅၀၀၀၀)နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/သင်တန်းသူများက မြန်မာ့ရိုးရာဗန်တို/ဗန်ရှည် အလှပြကွက်များဖြင့် သရုပ်ပြသခဲ့ကြသည်။

အဆိုပါ သင်တန်းအား(၁၈.၇.၂၀၂၂)ရက်နေ့မှ (၃၁.၈.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ(၁၂၃)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။