အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ၏ သောက်ရေနှင့် သုံးရေလုံလောက်စွာ ရရှိစေရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေး 

နေပြည်တော်၊ ဩဂုတ်(၃၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားသမားများ၏ သောက်ရေနှင့်သုံးရေ လုံလောက်စွာရရှိစေရေးအတွက် Cluster-9 စားရိပ်သာရှိရေသန့်စက်အားပြန်လည်ပြုပြင်စစ်ဆေးသွားရန်နှင့် လက်ရွေးစင်အားကစားသမားများနေထိုင်သည့် Cluster 10-4 နှင့် Cluster10-5 ရှိ Ground ရေကန်နှင့် ရေမော်တာစက်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်  နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Mendal Hall ၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည့် လမ်းညွှန်ချက်များနှင့်ပတ်သက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး Trainning Hall No(2)တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဖူဆယ်ဘောလုံးအားကစားသမားများ၏ လေ့ကျင့်ကစားနေမှုအားလည်းကောင်း၊ Youth Campမှ ဘော်လီဘောအားကစားသမားများ၏ လေ့ကျင့်ကစားနေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။