အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ် (၁၄)ရက်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁၂)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ တတိယနေ့ပွဲစဉ်များအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ 

(၁၃.၈.၂၀၂၂)ရက်နေ့ ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(-၄၀)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်မင်းမြတ်ဦး၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ ဂျူနီယာခေါင်လွမ်း၊တတိယဆုကို ရှမ်းပြည်နယ်အသင်းမှ မောင်ဉာဏ်လင်းထက်နှင့် ပူးတွဲတတိယဆု ကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မောင်ပြည့်စွမ်းကို တို့မှလည်းကောင်း၊ အမျိုးသား(-၄၅)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မောင်အောင်ကို၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်ဝင်းသိန်းထွန်း၊တတိယဆုကို ရှမ်းပြည်နယ်အသင်းမှ မောင်အလင်းရောင်နှင့် ပူးတွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မောင်သက်ပိုင်ကို တို့မှလည်းကောင်း၊ အမျိုးသား(-၅၀)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်ခိုင်စိုးသူ၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ မောင်ကျော်ဝင်းထွဋ်၊တတိယဆုကို ရခိုင်ပြည်နယ်အသင်းမှ မောင်စိုးမိုးကျော်နှင့် ပူးတွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မောင်းတိုးတက်အောင် တို့မှလည်းကောင်း၊ အမျိုးသမီး(-၃၆) ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များအား ယှဉ်ပြိင်ကစားခဲ့ကြရာ ပထမဆုကို တနင်္သာရီတိုင်းဒေသကြီး အသင်းမှ မဇင်မာနွေး၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ မခင်ခင်ထွေး၊ တတိယဆုကို မွန်ပြည်နယ်အသင်းမှ မယမင်းရူပါမွန်နှင့် ပူးတွဲတတိယဆု ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မဖြိုးသက်ခိုင်တို့မှ လည်းကောင်း၊ အမျိုးသမီး(-၃၉)ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိင်ကစား ခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မအိအိသဇင်ဇော်၊ ဒုတိယဆုကို တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ မမေသဉ္ဇာဦး၊တတိယဆုကို မန္တလေးတိုင်းဒေသကြီးမှ မနန်းပပဇင်နှင့် ပူးတွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီးမှ မခင်သူသူလင်းတို့မှ လည်းကောင်း၊ အမျိုးသမီး(-၄၂) ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များအား ယှဉ်ပြိင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်မှ မဆောင်ယုံ၊ ဒုတိယဆုကို ဧရာဝတီတိုင်းဒေသကြီးမှ မထက်ထက်လင်း၊တတိယဆုကို ရခိုင်ပြည်နယ်မှ မဇင်ဇင်ဇော်နှင့်ပူးတွဲတတိယဆုကို မန္တလေးတိုင်းဒေသကြီးမှ မနှင်းဝေဦးတို့မှလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။ 

(၁၄.၈.၂၀၂၂)ရက်နေ့ ဂျူဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (-၅၅)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မောင်ဖြိုးသက်ဇော်၊ ဒုတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မောင်မျိုးမင်းအောင်၊ တတိယဆုကို တနင်္သာရီတိုင်းဒေသကြီးအသင်းမှ မောင်သူရကျော်နှင့် ပူးတွဲတတိယဆုကို ချင်းပြည်နယ်အသင်းမှ မိုင်နီထွန်းကျော်တို့မှလည်းကောင်း၊ အမျိုးသား (-၆၀) ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ဗိုလ်လုပွဲပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ရှမ်းပြည်နယ်အသင်းမှ စိုင်းဖွန်လောင်၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ မောင်မိုးကျော်ကျော်၊ တတိယဆုကို ရခိုင်ပြည်နယ်အသင်းမှ မောင်နိုင်နိုင်ဝင်းနှင့် ပူးတွဲတတိယဆုကို ကရင်ပြည်နယ်အသင်းမှ မောင်ထက်ကိုဝင်းတို့မှလည်းကောင်း၊ အမျိုးသား (-၆၆)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ရှမ်းပြည်နယ်အသင်းမှ မောင်ဟိန်းမင်းထက်၊ ဒုတိယဆုကို စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မောင်လှိုင်မင်းခန့်၊ တတိယဆုကို မွန်ပြည်နယ်အသင်းမှ မောင်နိုင်ဌေးနှင့် ပူးတွဲတတိယဆုကို ပဲခူးတိုင်းဒေသကြီးအသင်းမှ မောင်းအောင်လှိုင်ဘုန်း တို့မှလည်းကောင်း၊ အမျိုးသမီး (-၄၅) ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များအား ယှဉ်ုင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မတင်ဇာမြင့်၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှ မအေးချမ်းမိုး၊ တတိယဆုကို ကရင်ပြည်နယ်အသင်းမှ မနန်းစန္ဒာစိုးနှင့် ပူးတွဲတတိယဆု ပဲခူးတိုင်းဒေသကြီးအသင်းမှ မသဲစုပုံ တို့မှလည်းကောင်း၊ အမျိုးသမီး (-၄၈)ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မဘန်တောမ်၊ ဒုတိယဆုကို ကရင်ပြည်နယ်အသင်းမှ နန်းသက်ထားပျို၊ တတိယဆုကို ရှမ်းပြည်နယ်အသင်းမှ မအေးအေးလွင်နှင့် ပူးတွဲတတိယဆုကို မန္တလေးတိုင်းဒေသကြီးမှ မအေးချမ်းဖြိုးတို့မှ လည်းကောင်း၊ အမျိုးသမီး (-၅၂) ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များအား ယှဉ်ပြိင်ကစားခဲ့ကြရာ ပထမဆု ကို ကချင်ပြည်နယ်အသင်းမှ မပိုးအိလွင်၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မအေးပပဖြိုး၊ တတိယဆုကို မွန်ပြည်နယ်အသင်းမှ မမေသက်ပိုင်နှင့် ပူးတွဲတတိယဆုကို ချင်းပြည်နယ်အသင်းမှ မစန္ဒာဝင်းတို့မှလည်းကောင်း၊  အမျိုးသမီး (-၅၇) ကီလိုတန်း ဗိုလ်လုပွဲ ပွဲစဉ်များအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မသဲသိမ့်သိမ့်သူ၊ ဒုတိယဆုကို ကချင်ပြည်နယ် အသင်းမှ မခေါ်မိုင်၊ တတိယဆုကို ကယားပြည်နယ်အသင်းမှ မဘောမိုနှင့် ပူးတွဲတတိယဆုကို ရှမ်းပြည်နယ်အသင်းမှ မသက်နှင်းခိုင်တို့မှလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

အဆိုပါ “ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ဩဂုတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ နံနက်(၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။