အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ(လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်(၃၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန(ကွင်း/ရုံ) ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးတို့ လိုက်ပါလျက် ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ (လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ သဇင်(၂) အဆောင်(၃) အပျိုဆောင်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အခန်း(၂)ခန်းစီအတွက် ဘေစင်နှင့်ချက်ပြုတ်သည့် စင်(၁)ခုစီထားရှိပေးနိုင်ရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မီးကြိုးများ ဘရေကာ(မီးဘုတ်)များအား စနစ်တကျသွယ်တန်းတပ်ဆင်ပေးရန်၊ လုံခြုံမှုရှိစေရန်အတွက် အဝင်သံပန်းတံခါးနှင့် အခန်းရှေ့သံပန်းတံခါးများအား အကာအရံများ ကာရံပြုပြင် တပ်ဆင်ပေးသွားရန်နှင့် အိပ်ဆောင်များတွင် မီးသတ်ဆေးဘူးများ တပ်ဆင်ပေးသွားရန်၊ အဆောင် ပတ်လည်သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် မြက်များဖြတ်ထားရန်နှင့် ရေချိုးခန်း၊ အိမ်သာ များအား သန့်ရှင်းမှုရှိအောင် အမြဲတမ်းသန့်ရှင်းရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ သဇင်(၆)အဆောင်(၇) အပျိုဆောင်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အိမ်သာ၊ ရေချိုးခန်းအတွင်းရှိ ရေပိုက်များ ရေယိုစိမ့်နေမှုများပြုပြင်ပေးသွားရန်၊ ဘေစင်နှင့်ချက်ပြုတ်သည့်စင်များပျက်စီးနေမှုများအား ပြုပြင်ပေးသွားရန်၊ မိလ္လာကန် အနံ့ထွက်ခြင်းများအားပြုပြင်ပေးရန်နှင့် မိလ္လာကန်ဆယ်ခြင်းများပြုလုပ်ပေးသွားရန်၊ နေရောင်ခြည် ကာကွယ်ပေးနိုင်ပြီး အရိပ်ရရှိစေရန်အတွက် နေကာ၊ဝါးယင်းလိပ်များအား အသစ်ပြန်လည် တပ်ဆင် ပေးသွားရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် သဇင်(၆)အဆောင်(၆) အပျိုဆောင်အား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေမော်တာရေစိမ့်နေမှုများ ပြုပြင်ဆောင်ရွက်ပေး သွားရန်၊ အိပ်ဆောင်ပတ်လည်တွင် လုံခြုံရေးမီးလုံးများတပ်ဆင်ပေးသွားရန်၊ အိပ်ဆောင်များအတွက် သန့်ရှင်းရေးသုံးပစ္စည်းများ ထုတ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်သွားရန်နှင့် မီးသတ်ဆေးဘူးများကို အိပ်ဆောင်တိုင်းတွင် တပ်ဆင်ပေးသွားရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ သပြေ(၄) အဆောင်(၅) လူပျိုဆောင်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ချက်ပြုတ်ဆေးကြောရာတွင် အဆင်ပြေစေရေးအတွက် ဘေစင်တွဲလျက်ပစ္စည်းတင်စင်အား(၂)ခန်းလျှင် (၁)ခုစီ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ရေချိုးရာတွင် အဆင်ပြေစေရေးအတွက် ရေကန်ပတ်လည်အမိုးများ၊ ဘေးကာများပြန်လည်ကာရန်တပ်ဆင်ပေးသွားရန်နှင့် ဝန်ထမ်းများအား မိမိနေထိုင်သည့် အိပ်ဆောင်ပတ်ဝန်းကျင် အတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိအောင် အမြဲတမ်း ပြုလုပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိအောင် နေထိုင်မှသာ ကျန်းမာရေး ကောင်းမွန်မည်ဖြစ်ကြောင်း အိပ်ဆောင်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။