အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲကျင်းပ

ကျိုင်တုံ၊ ဇူလိုင်(၂၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်သည် ယနေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းသို့ ” လူငယ်ရေးရာအသိပညာပေး ” ဟောပြောပွဲအားသွားရောက်ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျိုင်းတုံမြို့နယ် အားကစားမှူး ဦးစိုင်းချစ်အောင်မှ ” လူငယ်နှင့်ခေါင်းဆောင်မှု ” ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ရာ ကျောင်းသား / ကျောင်းသူ ၊ လူငယ်များသည် နောင်အနာဂတ် အချိန်ကာလများတွင် တိုင်းပြည်၏ လူငယ်ခေါင်းဆောင်ကောင်းများဖြစ်လာကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း၊ မိမိတို့မှ ခေါင်းဆောင်နေရာသို့ရောက်ရှိလာလျှင် ခေါင်းဆောင်ကောင်း၏ အင်္ဂါရပ်နှင့်ညီညွှတ်သည့်အချက်များဖြင့် လူငယ်များကိုပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ ပြုစုပျိုးထောင်ရာတွင်လည်း အားကစား၏အခန်းကဏ္ဍသည်များစွာအထောက်အကူဖြစ်ပါကြောင်း၊ အရည်အချင်းမြင့်မားသော ကျောင်းသား/ကျောင်းသူများအား ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်ပြီး ယခုဟောပြောပွဲအားကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်/မျှော်မှန်းချက်များကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် လူငယ်များကို အသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယခုဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ လူငယ်/လူရွယ်များ ငယ်ရွယ်စဉ်အချိန်မှစ၍ လမ်းမှားသို့မရောက်ရှိစေရေးအတွက် အားလပ် ချိန်များတွင် အားကစားကိုလုပ်ဆောင်စေလိုကြောင်း၊ လူငယ်/လူရွယ်များအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပေါ်ပေါက်လာစေရန်အတွက် ဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း ၊ ဆက်လက်ပြီး ကျောင်းသား / ကျောင်းသူများအား အားကစားဆိုင်ရာ နည်းစနစ်ပိုင်းများကို အားကစားနည်းအလိုက် Power Point ဖြင့်ရှင်းလင်းပြသခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ နှင့် အပြန်အလှန်၊ အမေးအဖြေများပြုလုပ်သွားကာ နောင်များတွင်လည်း ကျောင်းများ၌ ယခုထက်ပို၍ ဟောပြောပွဲများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၊ ကျောင်းသား / ကျောင်းသူများသည် နောင်တစ်ခေတ်ရဲ့ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်ကြပြီး နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှနေ၍ ကာကွယ်စောင့်ရှောက်သွားကြပါလို့ ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းများကို အဆိုပါအမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် အားကစားမှူးမှ ကျောင်းအုပ်ကြီး(ကိုယ်စား)အထက်တန်းပြဆရာ ဦးတင်မိုးလင်းထံသို့ ကျောင်းသား/ ကျောင်းသူများအား ကာယအချိန်များတွင် စိတ်ပျော်ရွှင်လန်းဆန်းတက်ကြွစေရန်အတွက် ဘောလုံ ၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ခြင်းလုံး အစရှိသည့်အားကစားပစ္စည်းများအား ပံ့ပိုးလှူဒါန်းပေးခဲ့ကြောင်းသိရှိခဲ့ရပြီး အဆိုပါဟောပြောပွဲသို့ကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။