အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇူလိုင် (၂၁)ရက်။

လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်များတွင် ဆက်စပ်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)မှ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာနမှဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ကဏ္ဍသည် အရေးကြီးသည့်အတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော လူငယ်များ အလုပ်အကိုင်ရရှိစေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အမှန်တကယ်အလုပ်အကိုင်ဝင်ငွေရရှိမည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပေးနေမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေပြီး ဌာနတွင်းမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးချောင်လည်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းစီးပွားရေး လုပ်ငန်းများစတင်လုပ်ကိုင်လိုသူများ ပေါ်ထွက်လာစေရေးအတွက် သင်တန်းအား ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် တစ်ဦးချင်းစွမ်းဆောင်ရည်ရှိမှ မိမိအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် မိမိတို့ကိုယ်တိုင် စွမ်းရည်ရှိရန် လိုအပ်သောကြောင့် စွမ်းအားရှိသလောက် ကြိုးစားဆောင်ရွက်ကြရန်နှင့် မိမိတတ်ကျွမ်းသော အတတ်ပညာများကိုလည်း အခြားသူများအား ပြန်လည်မျှဝေပေးနိုင်သည်အထိ ကြိုးစားသင်ယူကြရန်လိုကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်း စိတ်မမွေးဘဲ အဖွဲ့အစည်းစိတ်ဓါတ်မွေးပြီး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့၏ အရည်အသွေးနှင့်အရည်အချင်းများတိုးတက်အောင် အချိန်တိုင်းကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ကို  ဇူလိုင်(၂၁) ရက်မှ (၂၇)ရက်အထိ လူငယ်ရေးရာဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆရာမဒေါ်စုလှိုင်မြင့် (ဦးစီးအရာရှိ)နှင့် ဒေါ်ရီရီဝင်း (ဒုတိယဦးစီးမှူး) တို့မှ သင်ခန်းစာများအား စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သင်တန်းသား/သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။