အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရုံးဆင်းချိန် ဝန်ထမ်းများအား ပိုးသတ်ဆေးအငွေ့(DISINFECTION CHANNEL) ပက်ဖျန်းနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာလ(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းအတွင်းရှိ နေထိုင်ကြသော ဝန်ထမ်းများ၊ အားကစားသမားများ Covid-19 ရောဂါ ကင်းရှင်းစေရေးအတွက် ကာကွယ်မှုနည်းလမ်းအဖြစ် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းအဝင်ဝတွင် ရုံးဆင်းချိန် ဝန်ထမ်းများအား ပိုးသတ်ဆေးအငွေ့(Disinfection Channel) ပက်ဖျန်းပြီး စည်းကမ်းစနစ်တကျ ဆောင်ရွက်နေမှုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။