အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း နှစ်ယောက်တွဲနှင့် သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် (၁၃)ရက်။

မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(C)ရုံ၌ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ ဆက်လက်ကျင်းပလျက်ရှိရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ပါသည်။

ယနေ့ပြိုင်ပွဲ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ် အသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုကို စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အသီးသီးရရှိခဲ့ကြပါသည်။

ဆက်လက်၍ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းက (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ ပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို မွန်ပြည်နယ်အသင်းနှင့် တတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ အသီးသီးရရှိခဲ့ကြပါသည်။

ထို့နောက် သုံးယောက်တွဲ အဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်း ဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက မကွေးတိုင်း ဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီ တိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်း ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင် ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ဆက်လက်၍ သုံးယောက်တွဲ အဖွဲ့လိုက် (အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်ကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက နေပြည်တော်ကောင်စီနယ်မြေအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

အဆိုပါ ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲ (၁၄.၇.၂၀၂၂)ရက်နေ့တွင် သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံတွင် နံနက်(၈:၀၀)နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါ သဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိပါသည်။