အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင် (၆)ရက်။

မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ သုံးယောက်တွဲအသင်းလိုက် (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းမှ တနင်္သာရီတိုင်းဒေသကြီး အသင်းကို (၃:၀) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို (၃:၀)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းကို (၂:၁)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၃:၀)ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ တနင်္သာဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းမှ ရှမ်းပြည်နယ်အသင်းကို (၂:၁)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ် အသင်းကို (၂:၁)ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြပါသည်။

ယင်းနောက် ညနေပိုင်းတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို (၂:၀) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းကို (၂:၀) ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂:၀) ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

အဆိုပါ ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲ (၈.၇.၂၀၂၂)ရက်နေ့တွင် သုံးယောက်တွဲအသင်းလိုက် (အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံတွင် နံနက်(၈:၀၀)နာရီမှ စတင်၍ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိပါသည်။