အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ဆက်လက်၍ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်(၂၉) ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အဖွဲ့ဝင်များ သည်  ယနေ့နံနက်(၇:၀၀)နာရီအချိန်မှစတင်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ဘောလုံး အားကစားကွင်းနှင့် ပွဲကြည့်စင်အားလည်းကောင်း၊ ပြည်ခရိုင်အားကစားခန်းနှင့်မဘောလုံး အားကစားကွင်းတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်ခရိုင်ဘောလုံး အားကစားကွင်းတွင် ပွဲကြည့်စင်နှင့်  Inter Fencing တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ခရိုင်နှင့် ပြည်မြို့နယ်များမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဝန်ထမ်းများအား မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံတိုးတက်ကောင်းမွန်မည် ဆိုသည့်အတိုင်း ဝန်ထမ်းများအချင်းချင်း စည်းလုံး ညီညွတ်စွာ မိသားစုစိတ်ဓါတ်ဖြင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ရွှေတောင်မြို့နယ်အားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၊ ဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်အတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး တိုက်ကြီးမြို့နယ် အားကစားကွင်းအားလည်းကောင်း၊ မှော်ဘီမြို့နယ်အားကစားကွင်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ လာရောက်လေ့ကျင့်ကစားရာတွင် အဆင်ပြေစေရေးအတွက် လမ်းလျှောက်မည့်နေရာများတွင် လျှောက်လမ်းများ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အုတ်တံတိုင်းများအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမှလည်း အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့ပြီးအကျိုးရှိစွာ အသုံးပြုနိုင် စေရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။